တရားမှန်ကန်ကြောင်းကို ဘာနဲ့တိုင်း ပြီး ယုံကြည် လက်ခံ ရမလဲ

Jun 4
Posted by မူလဓမ္မ Filed in မသိသရွေ့၊ဒုက္ခတွေ့မည်

ဓမ္မဓရ= တပည့်တော် အနေနှင့်ရှင်းသလောက် ဖြစ်ပါပြီဘုရား။ ဒါပေမယ့် သည် တရားမှန်ကန်ကြောင်းကို ဘာနဲ့တိုင်း ပြီးယုံကြည် လက်ခံရမလဲ ဘုရား။

ဦးဝိဇယ= တပည့်တော် က တရားဟော တာ မဟုတ်ပါဘူးဘုရား။ လောကကြီးရဲ့ သဘာဝ ရှိတဲ့ အတိုင်းကို တပည့်တော် ဥာဏ်မှီ သလောက် ဘဝ အရှိကို ကြည့်ပုံကြည့်နည်း ပြောပြခြင်းသာ ဖြစ်ပါတယ်။အရှင်ဘုရားရဲ့ ခန္ဓာ ကဟောတဲ့တရားကိုဘဲ တပည့်တော် ပြောပြတဲ့ အသိနဲ့ နာယူပါ။ ခန္ဓာ က ဟောတဲ့တရားကို ပဲ တပည့်တော် ပြောတဲ့ အသိနဲ့နာယူပါ။ ခန္ဓာ ကပြောတာနဲ့ မကိုက်ညီ ရင် မယုံပါနဲ့ ဘုရား။

တရားစစ်မစစ် သိချင်ရင်တော့ တရားဂုဏ်တော် ( ၆) ပါးနဲ့ စစ်ရပါတယ်။ တရားဂုဏ်တော်(၆)ပါးနှင့် ကိုက်ညီ လျှင်ဘယ်သူဟောဟော မှန်တာ တွေ ချည်းပါပဲဘုရား။ တရားဂုဏ်တော် (၆) ပါး နှင့်စစ်ပုံကတော့

(၁)သွာက္ခာတော ဘဂဝတာဓမ္မော =မြတ်စွာဘုရားသည် တရားတော် ကို အစ အလယ် အဆုံး၊ ( ၃)ပါး အစုံ၊ ကောင်းခြင်းဂုဏ်နဲ့ ပြည့်စုံစွာဟောကြားတော် မူပါပေသည်။ အစ၏ ကောင်းခြင်းမှာ =ကြားနာယုံပင် အပူစင်ခြင်း၊ အလယ်၏ ကောင်းခြင်းမှာ= ကျင့်ကြံလိုက်နာလျှင် ချမ်းသာခြင်း။ အဆုံး၏ ကောင်းခြင်းမှာ = ကျင့်ပြီးလျှင်လည်း လွန်စွာ ငြိမ်းအေးခြင်း။ ဤ (၃)ချက်နှင့် ပြည့်စုံပါတယ်။

ဓမ္မဓရ= အစ၏ ကောင်းခြင်းမှာ အလွန်ပင် ပြည့်စုံပါတယ်ဘုရား။ဤတရားကို ကြားနာရသော အခါ – ဘယ်ဘက်ကိုမှ အစွန်းမထွက်ဘဲ အကောင်းထင်ခြင်း၊ အဆိုးထင်ခြင်းမှ လွတ်ကင်းသောကြောင့် အပူစင်ပါတယ်ဘုရား။ အလယ်၏ ကောင်းခြင်းနှင့်လည်း အလွန်ပင် ပြည့်စုံပါတယ်။ နာတာ တခြား၊ ကျင့်တာ တခြား မဟုတ်ပဲနာရင်းကျင့်၊ကျင့်ရင်းနာရတဲ့ အတွက် ကြောင့်၊ဝိဇ္ဇာ စရဏ (၂)မျိုးပါသွားသောကြောင့် အသိဥာဏ် အဆင့်ဆင့်တက်ခါ ချမ်းသာပါတယ်။

အဆုံး၏ ကောင်းခြင်းနှင့်လည်း သာ၍ ပင်ပြည့်စုံပါတယ်။နာရင်း ၊ ကျင့်ရင်း လုပ်သော အခါ အဟုတ်ထင်ခြင်း ခိုင်းတာတွေကို ပယ် စွန့် နိုင်သောကြောင့် ဘဝရပ်တည်ရာ ရကာ၊ ငြိမ်းချမ်းစွာနေနိုင်ခဲ့ပါတယ်။ ကျင့်လေ ငြိမ်းချမ်းလေလည်း ခံစားရပါတယ်ဘုရား။ဤ ဂုဏ် အတွက် အားလုံး ပြည့်စုံပါတယ်ဘုရား။

ဦးဝိဇယ=(၂) ဓမ္မော တရားတော်မြတ်သည် သန္ဒိဋ္ဌိကော= ကျင့်ဆောင်သူတို့အား၊ ယခု ပစ္စက္ခ ၌ ပင်တွေ့မြင် ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့် လည်းပြည့်စုံပါပေ၏။ ကိုယ်တွေ့ဖြစ်ရမယ်။ ဒီလိုလုပ်ရင် ဟိုလိုရမှာတဲ့၊ စသည်ဖြင့် မျှော်လင့်ချက်နှင့် လုပ်ရတာမျိုး မဟုတ်ဘူး ဟု ဆိုလိုပါတယ်။

ဓမ္မဓရ= ဤ ဂုဏ်တော် နဲ့တော့ ပိုပြီး ထိထိ မိမိ ပြည့်စုံပါတယ်။  တပည့်တော် လုပ်ခဲ့ရတဲ့ တရားဟာ -ကိုယ်တွေ့ တရားတွေပဲ ဖြစ်ပါတယ်။ မျှော်လင့်ချက်နဲ့ လုပ်ခဲ့ရတာ မရှိပါဘူး။ လိုချင် ဖြစ်ချင်ရချင်တဲ့မျှော်လင့်ချက်တွေကို ၊ ပယ်နိုင်အောင်၊ခွာနိုင်အောင် ၊ အပြီး အပြတ် စွန့်နိုင်အောင် လုပ်ပြီး ငြိမ်းချမ်းမှု၊ကိုလည်း ကိုယ်တွေ့ ခံစားခဲ့ရပါတယ်။ လက်ရှိဘာကိုပင် သုည မြင်အောင်ကြည့်တဲ့ နည်းများ ဖြစ်သောကြောင့် ဤ ဂုဏ်တော် နဲ့ ထိထိမိမိ ကိုက်ညီနေတာကို တွေ့သိ ခံစားလို့ရပါတယ်။

ဦးဝိဇယ= (၃) ဓမ္မော = တရားတော်မြတ်သည် ၊ အကာလိကော- ကာလမရွေး ကျင့်သည့်နေ့ပင် တွေ့မြင်ယုံကြည် ရသော၊ ကောင်းကျိုးချမ်းသာနှင့်ပြည့်စုံပါပေ၏။ ဝိပဿနာ တရားမှန်လျှင် အချိန်စောင့်စရာမလိုပါဘူးတဲ့။ အကြွေးမဟုတ်ဘူး၊ ယခု   ရှုလျှင် ယခု ငြိမ်းသောတရားမျိုး ဖြစ်ရမယ်။ လက်ငင်း တရားမျိုး ဖြစ်ရမယ်။

ဓမ္မဓရ=ဤ ဂုဏ်တော် နှင့်လည်းညီ ညွတ်ပါတယ်ဘုရား။လိုချင်သောစိတ်ဟာ အကြွေးယူသောစိတ်ဖြစ်ပါတယ်။ဖြစ်ချင်နေတဲ့စိတ်ဟာ ကာလ ကိုစောင့်မျှော် နေတဲ့စိတ် ဖြစ်ပါတယ်။ ရချင် နေတဲ့ စိတ်ဟာ ယခုဖြစ်လျှင် ယခုမငြိမ်းသော စိတ်ဖြစ်ပါတယ်။ ယခု အားထုတ်ရသော တရားမှာ လိုချင်၊ ဖြစ်ချင်ရချင်သောစိတ်ကို အဓိက ငြိမ်းသတ်ရတာ ဖြစ်တဲ့အတွက် အခုရှုလို့ အခုငြိမ်းရင် အခုကောင်းကျိုးရပါတယ်။ ရှုတိုင်း ရှု တိုင်း ဘဝရဲ့ ဘာမှ မဟုတ်ကြောင်း ကိုနား လည်သဘောပေါက်တဲ့အတွက် ( ဘဝ ရဲ့ အဓိပ္ပါယ် ကို သိပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝ ဖြစ်လာပါတယ်)။ ထို့ကြောင့်ကာလ စောင့်စရာ မလိုခြင်း အကာလိက ဂုဏ်တော် နှင့်လည်း ပြည့်စုံညီညွတ်ပါတယ်ဘုရား။

ဦးဝိဇယ= ( ၄) ဘဂဝတော = မြတ်စွာ ဘုရား၏ ၊ ဓမ္မော -တရားတော်မြတ်သည်။ ဧဟိပဿိကော= လာပါ၊ ရှုပါ၊ကျင့်ကြံပါ၊ – ဟု မပါပါအောင် ခေါ် ဆောင် သွတ်သွင်းတိုက်တွန်းခြင်းငှာ၊ ထိုက်တန်သောဂုဏ်ကျေးဇူး အထူးနှင့်လည်း ပြည့်စုံပါပေ၏။ မြတ်စွာ ဘုရား၏ တရားတော်ဟာ ( နည်းနည်း ကျင့်လျှင် နည်းနည်း ချမ်းသာတယ်။ များများကျင့်လျှင် များများချမ်းသာတယ်) ကျင့်မိဘို့ပဲလိုတယ်။

လုပ်သလောက်ရနိုင်တယ်။ ဤ အကြောင်းများကြောင့် တရားအရသာကို ခံစားနိုင်ကြကုန်သော သူတော်ကောင်းတွေဟာ ( တရားကျင့်ကြပါ) လို့ တိုက်တွန်းကြတယ်။ချမ်းသာမှာ သေချာပေါက်ဖြစ်သောကြောင့် တိုက်တွန်းခြင်းငှာ လည်း ထိုက်တန်ပါပေတယ်။

ဓမ္မဓရ= တရားအရသာကို တပည့်တော် သိသလောက်ကိုပဲ ဤ ဂုဏ်တော် နဲ့ အလွန်ကိုက်ညီပါတယ်။ ဘာမှ မဟုတ်တာကို အဟုတ်ထင်ပြီး ကိုယ်ဆင်းရဲခြင်း၊စိတ်ဆင်းရဲခြင်း ရောက်နေကြကုန်သော သတ္တဝါတွေ၊ လူတွေကို တွေ့ရတဲ့အခါအလွန်သနားမိပါတယ်။( ဘာမှ မဟုတ်ဘူး) ဆိုတာ ကို သူတို့သိစေချင်တယ်။ သိစေချင်တာကြောင့်ပြောပြတယ်။ ပြောပြသော်လည်း င့ါ အဖွဲ့သား ။ ဖြစ်စေချင်လို့ အုပ်စု ဖွဲ့ လိုသောစိတ်နဲ့ ပြောတာ မဟုတ်ပါဘူး။အနှောင်အဖွဲ့ မရှိဘဲ ချမ်းသာနေတာကို မြင်ချင်လို့ ပြောပြပါတယ်။ ကိုယ်ပြောတဲ့ အတိုင်းမလုပ်လျှင်လည်း စိတ်မဆိုးပါဘူး။ ပြောတဲ့ အတိုင်းမလုပ်မှ ချမ်းသာနေရင်လည်း ဝမ်းမြောက်တာပါဘဲ။ ဘာမှ အခက် အခဲမရှိပါဘူး။ မေတ္တာ အစစ် ၊ ကရုဏာ အစစ်၊ မုဒိတာ အစစ်၊ ဥပေက္ခာ အစစ် ထားနိုင်ပါတယ်။ဘယ်သူ့ကိုမှ ကိုယ့်ကြောင့်စိတ်ဆင်းရဲသွားတာမျိုး၊ မဖြစ်စေလိုပါဘူး။ ငါဆိုတာ မရှိဘူး – အမှန် အတိုင်းသိထားမှတော့ ငါ့အဖွဲ့ ၊ ငါ့ပရိသတ်၊ သူ့အဖွဲ့၊သူ့ ပရိသတ်၊ ငါ့ဘာသာ၊ သူ့ဘာသာ၊ ) စသော အနှောင်အဖွဲ့ မရှိ တော့ လွတ်ငြိမ်းချမ်းသာ ကို မိမိ ခံစားရသလို  ပုဂိုလ် သတ္တဝါ မရွေး ခံစားစေချင် လို့ (လာပါ- ရှုပါ ၊ ကျင့်ပါ ) လို့ ခေါ်ဆောင်ခြင်း ဖြစ်ပါတယ်။ တရားမသိခင်ကတော့ ကိုယ့် အထင်ကို အကောင်းထားပြီး ပြောရ ရေးရတာဆိုတော့ အုပ်စု ဖွဲ့ သလိုတော့ဖြစ်နေပါတယ်။ အထင်ချင်းတူရင် ငါ့ဘက်သားလို့ သတ်မှတ်ပြီး စွဲကြတာဟာ  သတ္တဝါ တွေရဲ့ သဘာဝ ပါဘဲ ဘုရား။

ဥိးဝိဇယ= ( ၅) ဘဂဝ တော= မြတ်စွာ ဘုရား၏ ဓမ္မော- တရားတော် မြတ်သည် ၊ သြပါနေယျိကော- မိမိ ကာယ အဇ္ဈတ္တ ရရှိပေါက်ရောက် ကိုယ်တွေ့ မြောက်အောင် ကပ်၍ ဆောင်ထိုက်သော ဂုဏ် အထူးနှင့်လည်း ပြည့်စုံပါပေ၏ တဲ့။

ဓမ္မဓရ=ဤ ဂုဏ်တော် နဲ့လည်း တပည့်တော် ခံစားရတာ နဲ့တော့ တစ်ထပ်တည်း တစ်သားတည်း ကျပါတယ်ဘုရား။ တရားကို သေသေချာချာ ရှုတတ်လိုက်တာဟာ ( လိုတရ – ဣ စ္ဆာ သယ   ရွှေအိုး) ကိုရလိုက်သလိုပါ ဘဲ။ ဘာကြောင့်လည်းဆိုတော့ – - ဣ စ္ဆာ သယရွှေအိုးရထားတဲ့ သူတွေဟာ စားဝတ်နေရေး၊ ကျန်းမာရေး အတွက်၊ ထိုရွှေ အိုးထဲက နေ နှိုက်လိုက်ရင်၊ ကိုယ်လိုချင်တဲ့၊ စား စရာ ဝတ်စရာ၊နေစရာ ဆေးပစ္စည်း အစရှိတာ တွေ အားလုံးရကြပါတယ်။ ထိုရွှေအိုးကြောင့် အားလုံး ရရှိလာ သော အရာဝတ္ထု များကို ကိုယ်သွားရာ သယ်ဆောင်မသွားဘဲ၊ ရွှေအိုးကိုသာ သယ်ဆောင်သွားပါတယ်။ ရွှေအိုးကိုတော့မိမိ အသက်နဲ့ ထပ်တူထားပြီး စောင့်ရှောက်ထိန်းသိမ်းကြပါတယ်။ ထို့ အတူ ယခု ရှု ပွားခဲ့ရသောတရားသည် စိတ်ချမ်းသာမှုကို အပြည့် အဝပေးနိုင်ပါတယ်။ သတ္တဝါတွေ အားလုံး လှုပ်ရှားနေကြတာ ချမ်းသာဘို့သာ ဖြစ်ပါတယ်။ အလိုပြည့်ဘို့သာ ဖြစ်ပါတယ်။လိုနေသရွေ့ အလိုကလည်း ဘယ်တော့မှ ပြည့်ကြမှာ မဟုတ်ပါဘူး။

အလို မပြည့် သမျှလည်း ချမ်းသာကြမှ မဟုတ်ပါဘူး။ တရားက အလို ပြည့်အောင် လုပ်ပေးနိုင်ပါတယ်။ အလို မရှိအောင်၊ လုပ်ရတော့ အလိုနည်းလေ၊အလိုပြည့်လာလေ၊ အလို မရှိတော့တဲ့ အခါ မှာ ၊ အားလုံးပြည့်စုံတဲ့ အရသာကို ခံစားကြရပါတယ်။ တရားအရသာ ဟာ အကောင်အထည်ပြောပြဘို့တော့ခက်ပါတယ်။

စားဝတ်နေရေး၊ကျန်းမာရေး ပြည့်စုံသည် ဖြစ်စေ၊ မပြည့်စုံသည် ဖြစ်စေ ၊ အလိုအာသာကို မလာအောင် အားထုတ်ထားတော့ အလိုပြည့်စုံတဲ့အရသာကို ခံစား နေရပါတယ်။ တောင့်တခြင်း ၊ ကြောင့်ကြခြင်း ကင်းပြီး ငြိမ်းချမ်းတည်ကြည် တဲ့ အရသာကို အားထုတ် တိုင်းရနိုင်တော့ ဆောင်ထားခြင်းငှာ  အလွန် ထိုက်တန်တဲ့တရားဖြစ်နေပါတယ် ဘုရား။

ဦးဝိဇယ= (၆) ဝိညူဟိ= တရားသိသူ ရှင်လူ အပေါင်း၊ သူတော်ကောင်းတို့သည်။ ပစ္စတ္တံ = အသီးသီးသော မိမိတို့ သန္တာန်မှာ ဝေဒိတဗ္ဗော-ချမ်းသာလေစွ၊ကောင်းလေစွ ဟု၊ကာယစိတ္တ၊ သုခ နှစ်ပြင် ထင်ထင်ရှားရှား ခံစားသိမြင်ရသော ၊ ဂုဏ်ထူးဝိသေ သနှင့်လည်းပြည့်စုံတော် မူ ပါပေ၏ တဲ့ ဘုရား။

ဓမ္မဓရ= ဤ ဂုဏ်တော် နှင့်လည်းကိုက်ညီ ပါတယ်ဘုရား။ တပည့်တော် တို့ ကိုယ်စိတ်နှစ်ပါး ဆင်းရဲကြတယ် ဆိုတာ ၊ ကိုယ့် ဘဝ ရဲ့ အဓိပ္ပါယ်ကို မသိသောကြောင့် အဟုတ်ထင်ခြင်း၊ လိုချင်ခြင်း များ၏ လွှမ်းမိုးနှိပ်စက်မှုကို ခံနေကြရပါတယ်။

ဘဝကို အဟုတ်ထင်ပြီး အဓိပ္ပါယ်ရှိချင်လေ၊ ဆူပူမှုများက နှိပ်စက်လေ၊ ဘဝက အဓိပ္ပါယ် မရှိလေ ဖြစ်နေကြပါတယ်

ပညတ်နယ် (၂)မျိုးကလည်း  တကယ်မရှိသောကြောင့် ဘာ မှ မဟုတ်ခြင်း၊ သဘောနယ် နှင့် သုည နယ်ကအမှန်ရှိသော်လည်း သဘောမျှရှိ၍ ဘာမှ မဟုတ်ခြင်း၊ဟူသော ဘာမှ မဟုတ်သော ဘဝ အဓိပ္ပါယ်ကို ( ဘာမှမဟုတ်ဘူး ) ဟုသိမြင်ခြင်းသည် အေးဆေး တည် ငြိမ်စွာ နေနိုင်ပါတယ်။

အဓိပ္ပါယ်ရှိသော ဘဝကို ရရှိထားသောကြောင့် စိတ်ရော ကိုယ်ပါ ချမ်းသာမှုရနေပါတယ်။ ဘဝရဲ့ အဓိပ္ပါယ်ကို မသိသောကြောင့် ဆင်းရဲခဲ့တာတွေကို တွေးမိသည် ဖြစ်စေ။

သူတပါးကို တွေ့ရသည် ဖြစ်စေ၊ကိုယ့်ကိုကို ကံကောင်းတယ်လို့ ခံစားနားလည်နေပါတယ်။ ဤ ဂုဏ်တော်နှင့်ကိုက်ညီကြောင်း တပည့်တော် ကိုယ်တွေ့ ခံစားချက် ဖြင့် လျှောက်ထားခြင်း ဖြစ်ပါတယ် ဘုရား။

တပည့်တော် ကျင့်တဲ့ တရားဟာ တရား ဂုဏ်တော် ( ၆ )ပါးနှင့်ကိုက်ညီနေပါတယ်။

ဝဋ် (၃)ပါး လည်ပတ်ပုံ

Jun 4
Posted by မူလဓမ္မ Filed in မသိသရွေ့၊ဒုက္ခတွေ့မည်

ဘဝရဲ့ အဓိပ္ပါယ်ကိုတိတိကျကျမသိအောင် အဝိဇ္ဇာ  ကဖုံးလွှမ်းတဲ့အခါ ဘဝကိုအဓိပ္ပါယ်ရှိရှိ မနေနိုင်ကြပါဘူး။ အိုခြင်း၊ သေခြင်း ၏ အဆုံးကို မမြင်နိုင်သောကြောင့် အဝိဇ္ဇာ မာန ပညတ်နယ်က အိုခြင်း။သေခြင်း အထင်ပင် အဟုတ်ထင်သော  အဝိဇ္ဇာ သဝဖြစ်ပါတယ်။

ကိုယ်စုထားတဲ့ မြေကြီးစာ ဖြစ်သော သက်ရှိသက်မဲ့ စီးပွားရေး တွေကို စွဲလန်းသော ကာမာသဝ ဖြစ်ပါတယ်။ သေရင်သွားရမဲ့ဘဝဟာ မသေချာသောကြောင့် လက်ရှိဘဝကို စွဲလန်းတဲ့ ဘဝါသဝ ဖြစ်ပါတယ်။ အကြောင်းအကျိုး နဲ့ ပတ်သက်ပြီး နည်းလေးပါးကို မသိသောကြောင့်  အထင် အစွဲမျိုးစုံ ဒိဋ္ဌာသဝလည်းဖြစ်ပါတယ်။

ဤအာသဝတရား (၄) ပါးလွှမ်းမိုးလာသော အခါ

သောက= စိုးရိမ်ခြင်း၊

ပရိဒေဝ= ငိုကြွေးခြင်း၊

ဒုက္ခ= ဆင်းရဲခြင်း၊

ဒေါမနဿ= စိတ်နှလုံး မသက်သာခြင်း၊

ဥပါယာသ= ပြင်းစွာ ပင်ပန်းခြင်းတွေ ဖြစ်ပါတယ်။

ဘဝရဲ့ အဓိပ္ပါယ်ကို မသိပဲ အဓိပ္ပါယ်ရှိသော ဘဝကိုမရကြသော သတ္တဝါတွေ ရဲ့ သံသရာ ဟာ ချမ်းသာ လုံးဝမပါဘဲ၊ သီးသီးသန့်သန့် ဒုက္ခ အစုသာလျှင် ဖြစ်ပါတယ်။ ဘဝ၏ အဓိပ္ပါယ်ဖြစ်သော တစ်စက္ကန့်တွင် ကုဋေ တစ်သိန်းစိတ် ပြီး တစ်စိတ်သော (ဖြစ်-တည်-ပျက်-သဘော ) ဘဝ အစစ်ထဲမှာ -စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊စိတ်မသက်သာခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းတွေပါနေသောကြောင့် ( ဘာမှ မဟုတ်ဘူး)ဟုအသိ ဥာဏ် ဝင်လိုက်လျှင် ၊ ပင်ပန်းဆင်းရဲမှုတွေအားလုံး ချုပ်ငြိမ်းပြီး ။ချမ်းသာခြင်းတွေ ဖြစ်လာပါလိမ့်မယ်။ အဓိပ္ပါယ်ရှိသော ဘဝကိုရလာပါလိမ့်မယ်ဘုရား။

ဓမ္မဓရ= ပဋိစ္စ သမုပ္ပါဒ် ကို နာကြားလိုက်တဲ့အတွက်ကြောင့် တန်ဘိုးဖြတ် မရသော ၊ အသိဥာဏ်ထူးတွေရလိုက်ပါတယ်။ ဝမ်းသာလို့မဆုံးဖြစ်မိပါတယ်။ကျေးဇူးဆပ်လို့လည်း ကျေနိုင်မှာ မဟုတ်ပါဘူး ဘုရား။

ဦးဝိဇယ= ဒီလောက်လေးဆွေးနွေးပေးတာနဲ့ အသိဥာဏ်တွေရအောင် ၊ ကြိုးစားအားထုတ်တဲ့ အရှင်ဘုရားကို  တပည့်တော် အားရကျေနပ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်ပြီး  သိသင့်သိထိုက်တဲ့အရာလေးတွေ ပြောပြပါအုံးမယ်ဘုရား။

ဝဋ် (၃)ပါး လည်ပတ်ပုံလေး နားထောင်ပါ ဘုရား။

(၁) အဝိဇ္ဇာ ၊ တဏှာ၊ ဥပါဒါန်= အဟုတ်ထင်ခြင်း၊ လိုချင်ခြင်း ၊ စွဲလန်းခြင်းကို ကိလေသာဝဋ် ခေါ်ပါတယ်။ နားလည်အောင်ပြောရရင် -(ဆာခြင်း)- ဖြစ်ပါတယ်။

(၂)ကမ္မဘဝ နှင့်သင်္ခါရ= ယခုဘဝ စွန့်ခြင်း၊ စွဲခြင်း နှင့် အတိတ်က စွန့်ခြင်း၊စွဲခြင်းကို ကမ္မဝဋ်ခေါ်ပါတယ်။ ( –(ရှာခြင်း)- လို့နားလည်ရပါမယ်။

(၃)ဝိဥာဏ်၊နာမ်ရုပ်၊သဠာယတန၊ဖဿ ၊ဝေဒနာ ၊ ဥပပတ္တိဘဝ။ဇာတိ၊ ဇရာ ၊ မရဏ=ဤ(၈) ပါးကို ဝိပါကဝဋ် ဟုခေါ်ပါတယ်။ (ရရှိ စောင့်ရှောက်၊ ပျက်စီးခြင်း) လို့ အတိုချုပ် မှတ်လို့ရပါတယ်။

ဆာခြင်းကြောင့် ရှာခြင်း ဖြစ်ရပါတယ်။ ရှာခြင်းကြောင့် ( ရရှိစောင့်ရှောက် ပျက်စီးခြင်း ဖြစ်ရပါတယ်။)ထပ်ပြီး ဆာခြင်း ဖြစ်ပြန်ပါတယ်။ ဆာခြင်းငြိမ်းရင် ရှာခြင်းငြိမ်းမယ်။ ရှာခြင်းငြိမ်းလျှင် ရရှိစောင့်ရှောက် ပျက်ဆီးခြင်း ၊ငြိမ်းပြီး သံသရာ ပြတ်ပါတယ်ဘုရား။

ဝဋ်မြစ် နှစ်ပါးဆိုသည်မှာ အဝိဇ္ဇာ နှင့်တဏှာ ဖြစ်ပါတယ်။ အဝိဇ္ဇာ အဟုတ်ထင်ခြင်းသည် သံသရာ စက် ရှေ့ အစွန်းကို ဖုံးလွှမ်းပါတယ်။

တဏှာ= လိုချင်ခြင်းသည် သံသရာစက် နောက်အစွန်းကို ဖုံးလွှမ်းပါတယ်။

အဝိဇ္ဇာ အဟုတ်ထင်ခြင်းကို ချုပ်ငြိမ်းအောင် ( ဘာမှ မဟုတ်ဘူး) လို့ ဥာဏ် ဝင်လိုက်လျှင် လိုချင်မှု တဏှာလည်း ငြိမ်းပြီးသား ဖြစ်ပါတယ်ဘုရား။

ဇရာ၊ မရဏ ကို နယ်လေးပါး ဖြင့်ပိုင်းခြားသိပုံ

May 7
Posted by မူလဓမ္မ Filed in မသိသရွေ့၊ဒုက္ခတွေ့မည်

ဇရာ-မရဏကိုနယ်လေးပါး ဖြင့်ပိုင်းခြားသိပုံမှာ - ဇရာ – မရဏ ဟူသောစကားကို ကြားရသော အခါ – မသိခြင်းအထင်၊ ဆိုးခြင်း အထင်၊ ကောင်းခြင်း အထင်၊အထင်အားဖြင့်  အထင်အမျိုး မျိုးစိတ်မှာပေါ်တတ်ပါတယ်။ ထိုအထင်နယ်သည် ( အဝိဇ္ဇာမာန ပညတ်နယ်) ဖြစ်ပါတယ်။

ဤ အထင်နယ်မှာပင် လှည့်ပတ်ကာ ဆင်းရဲမျိုးစုံ ကြုံနေကြရပါတယ်။ အထင်ကတော့ စိတ်အလုပ် ဖြစ်သောကြောင့် ပယ်ရမှာမဟုတ်ပါဘူး။ အဟုတ်ထင်ခြင်း အဝိဇ္ဇာ ကိုသာလျှင် ပယ်ရမှာဖြစ်ပါတယ်။

စိတ်ဖြစ်စဉ်၊ရုပ်ဖြစ်စဉ်များကို စိတ်စဉ်ကိုတစ်စက္ကန့်တွင် ကုဋေတစ်သိန်းစိတ်၊ တစ်စိတ်ယူ၊ရုပ်ဖြစ်စဉ်ကို  စက္ကန့်တွင် ကုဋေငါးထောင်စိတ်၊တစ်စိတ်ယူ၊ တစ်ထိုအစိတ်လေးတစ်ခုမှာ ဥပါဒ်ဌီဘင်= ဖြစ်တည်ပျက် ဟု ခဏလေးသုံးခုရှိပါတယ်။

ဥပါဒ်= ဖြစ်ခြင်းသဘော တစ်ခုကို ဇာတိလို့ခေါ်ပါတယ်။ ဋ္ဌီ= တည်ခြင်းသဘောတစ်ခုကို ဇရာလို့ခေါ်ပါတယ်။ ဘင်=ပျက်ခြင်းသဘောတစ်ခုကို မရဏ ဟု ခေါ်ပါတယ်။

ထိုဋ္ဌီ-ဇရာ နှင့် ဘင်- မရဏသည် ဥပါဒ် ဇာတိမပါဘဲ ဖြစ်မရသောကြောင့် ကိုယ်ပိုင် အနှစ်မရှိသော သဘောသာ ထင်ရှားနေပါတယ်။ အားလုံး မူလပျက် သဘောမှာ လမ်းဆုံး သွားပါတယ်။ မူလပျက်သဘောသာ (၃၁-ဘုံ)လောက ကိုလွှမ်း ခြုံသွားပါတယ်။ ထိုအရှိအတိုင်း အသိကို ဝိဇ္ဇာဉာဏ်လို့ခေါ်ပါတယ်ဘုရား။

ဘဝရဲ့ အဓိပ္ပါယ်ကို တိတိကျကျ မသိအောင် အဝိဇ္ဇာ ကဖုံးလွှမ်းသော အခါ ဘဝကို အဓိပ္ပါယ်ရှိရှိ မနေနိုင်ကြပါဘူး။

အိုခြင်း သေခြင်း ၏ အဆုံးကို မမြင်နိုင်သော ကြောင့် အဝိဇ္ဇာမာန ပညတ်နယ်က အိုခြင်း၊ သေခြင်း အထင်ပင် အဟုတ်ထင်သော အဝိဇ္ဇာသဝ ဖြစ်ပါတယ်။

ကိုယ်စုထားတဲ့မြေကြီးစာ ဖြစ်သော သက်ရှိ သက်မဲ့စိးပွားရေးတွေကို စွဲလန်းသော ကာမာသဝဖြစ်ပါတယ်။

သေရင်သွားရမဲ့ဘဝဟာ မသေချာသောကြောင့်  လက်ရှိဘဝကို စွဲလန်းတဲ့ ဘဝါသဝ လည်းဖြစ်ပြန်ပါတယ်။

အကြောင်းအကျိုး နဲ့ ပတ်သက်ပြီး နည်း လေးပါးကိုမသိသောကြောင့် အထင်အစွဲ မျိုးစုံ၊ ဒိဋ္ဌာသဝ လည်း ဖြစ်ပါတယ်။ ဤ အာသဝ လေးပါးလွှမ်းမိုးလာသော အခါ

သောက=စိုးရိမ်ခြင်း၊

ပရိဒေဝ = ငိုကြွေးခြင်း ၊

ဒုက္ခ= ဆင်းရဲခြင်း၊

ဒေါမနဿ= စိတ်နှလုံးမသက်သာခြင်း ၊

ဥပါယာသ= ပြင်းစွာ ပင်ပန်းခြင်းတွေ ဖြစ်ပါတယ်။

ဘဝ၏ အဓိပ္ပါယ်ကိုမသိပဲ အဓိပ္ပါယ်ရှိသော ဘဝကို မရ ကြ သော သတ္တဝါတွေ ရဲ့ သံသရာဟာ ချမ်းသာလုံးဝမပါပဲ၊ သီးသီးသန့်သန့် ဒုက္ခ အစုသာလျှင် ဖြစ်ပါတယ်။

ဘဝ၏ အဓိပ္ပါယ်ဖြစ်သော တစ်စက္ကန့်တွင် ကုဋေ တစ်သိန်းစိတ်ပြီး တစ်စိတ်သော ဖြစ်တည်ပျက်သဘော၊ ဘဝ အစစ်ထဲမှာ – စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း ၊ စိတ်မသက်သာ ခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းတွေပါ နေသောကြောင့်  (ဘာမှ မဟုတ်ဘူး) ဟု အသိဉာဏ် ဝင်လိုက်လျှင် ပင်ပန်ဆင်းရဲမှုတွေအားလုံးချုပ်ငြိမ်းပြီး ချမ်းသာ ခြင်းတွေ ဖြစ်လာပါလိမ့်မယ် ၊

အဓိပ္ပါယ်ရှိ သောဘဝရလာပါလိမ့်မယ်ဘုရား။

၊ ဇာတိ ၏သုည နယ်ကိုသိလျှင်

Mar 3
Posted by မူလဓမ္မ Filed in မသိသရွေ့၊ဒုက္ခတွေ့မည်

ဓမ္မဓရ === တရားနာရတာကတော့ ကြေးဖလားကြီး ပွတ်ရင် ၊ ပွတ်လေ ဝင်းလေ ဖြစ်သလို ၊ အထင် အမျိုး မျိုး နှင့် ညစ်ပေနေသော စိတ်ကို တရား အမြင်ဖြင့်ပွတ်လိုက်သော အခါ စိတ်တွေဟာ ပိုပိုပြီး ကြည်လင်အေးချမ်းလာပါတယ်။

တပည့်တော် နှစ်ပေါင်းများစွာ ရှာခဲ့သော ဘဝ ရဲ. အဓိပ္ပါယ်ကို လည်းကောင်း ၊ အဓိပ္ပါယ် ရှိသော ဘဝ ဖြစ်ဘို့ ပုံစံ အမျိုးမျိုး ချပြီး ပြုလုပ်ခဲ့တာတွေ ကို လည်းကောင်း၊ ဤ တစ်ထိုင် တရားနာလိုက်တာ နဲ့ ဘဲ နှစ်ခုလုံး ပြည့်စုံသွားသလို ခံစားရပါတယ်။ သုည ဖြစ်နေသော ဘဝ ကို သုည အတိုင်းသိပြီး အေးအေးဆေးဆေး နေနိုင်ခြင်း သည် ဘဝရဲ. အဓိပ္ပါယ် ဖြစ်သ လို အဓိပ္ပါယ် ရှိသော ဘဝ လည်း ဖြစ်လာပါတယ်ဘုရား။ ဆက်ပြီး ဟော ကြားတော်မူ ပါ ဘုရား။

ဦးဝိဇယ=== ဇာတိရဲ. အဓိပ္ပါယ် ကို ဆက်ပြောပြပါ့မယ်။ ဇာတိဟူသော စကားကိုကြား သိ သော  အခါ  ( မသိခြင်း ) အထင် ၊ ( ဆိုးခြင်း ) အထင် ၊ (ကောင်းခြင်း) အထင်များ စိတ်မှာ ပေါ်နေတတ်ပါတယ်။ ဤ အထင်နယ်ကို အဝိဇ္ဇမာနပညတ်နယ် -လို့ခေါ်ပါတယ်။  ဤ နယ်ဟာ အလွန်ကျယ်ဝန်းပါတယ်။ မြေကြီးကိုလက် ညှိုး ညွှန်ရာလောက် ကိုပင် မသိဘဲ ၊ မြေကြီး အားလုံး ကို သိရသကဲ့သို့ ၊ ထို့အတူ ၊ အထင် ( ၃) မျိုး ကို ညွှန်လိုက်သော်လည်း စကားလုံးတိုင်းမှာ ရှိတဲ့ အထင်အားလုံး ကို သဘောပေါက်ရမှာ ဖြစ်ပါတယ်။ အထင်တွေ ဘယ် လောက်များတယ်ဆိုတာ ၊ အချိန်ရှိတိုင်း ၊ အထင်တွေနဲ့ နေတာကိုသဘောပေါက် ပါ ဘုရား။

ထို အထင်တွေကို အဟုတ်ထင်ပြီး ခန္ဓာ မျိုးစုံ ရကာ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ ရပါတယ်။ အထင်တွေကို အဟုတ်ထင်သော အဝိဇ္ဇာ ကိုပယ် နိုင်တဲ့ ဘဝရောက်ခိုက် မပယ် ထား ရင် သံသရာ ကြီးဟာ အလွန်ရှည် ဦးမယ် ဆိုတာလည်းသဘောပေါက်ပါဘုရား။

ဘဝ တစ်ခု ရဲ. နောက်ဆုံးစိတ်ကို စုတိစိတ်လို့ခေါ်ပါတယ်။ တဖန် ဘဝ သစ်မှာ ၊ အစဆုံး ဖြစ်သော စိတ်ကို ပဋိသန္ဓေစိတ် ဟုခေါ်ပါတယ်။ စုတိစိတ်ထိဖြစ်စဉ်ကို ( ဘဝ ) လို့ခေါ်ပါ တယ်။ ဘဝသစ်၏ အစဆုံး စိတ်ဖြစ်သော၊ ပဋိသန္ဓေစိတ်ကို ဇာတိလို့ခေါ်ပါတယ်။ စိတ်အစဉ် တစ်ခုကို ကုဋေ တစ်သိန်းစိတ်လိုက်လျှင် ၊ ထို အစိတ်ထဲမှ အစိတ်တစ်ခု ဖြစ်ပျက်သဘောလေးဟာ ( ဇာတိ ) အစစ်ဖြစ်ပါတယ်။

ထိုဇာတိ၏ နောက်ဖြစ်သော  ဘဝင် အစဉ်တွေကတော့ ဝိပါတ်အစဉ်သာ ဖြစ်ပါတယ်။ ကျန်တာတွေကတော့ ထိုဘဝ ၏ စုတိအထိ ၊ ( ဘဝ ) ဖြစ်ပါတယ်။ ဘဝ နှင့်ဇာတိ ထူးခြားမှုကိုပြောတာပါဘုရား။

ဘဝပစ္စယာ ဇာတိအရ ၊ ဘဝကြောင့် ဇာတိဖြစ်တယ်၊ ဘဝ မရှိဘဲ ဇာတိမရှိနိုင်ဘူး။ ဘဝ အဆုံး ကို ကြည့်ပြီးသေရင် ဘဝချုပ်လို့ ၊ ဇာတိလည်းချုပ်ပြီး ပရိနိဗ္ဗာန် ပြုကြမှာ ဖြစ်ပါတယ်။ဇာတိသည် ကိုယ် ပိုင် အနှစ်အသားလုံးဝ မရှိပါဘူး၊ မူလပျက်သဘောသာ ဖြစ်ပါတယ်။ သုည နယ် လို့ခေါ်ပါတယ်။ ဇာတိ၏ သုညနယ်ကို သိလျှင်  ၊ ဇာတိဟူသောစကားကို မှီပြီး ဖြစ်သော အထင်အားလုံး ငြိမ်းသွားပါတယ်ဘုရား။

*********************************ံ